သနပ်ပင်မြို့နယ်၌  (၃၆)ကြိမ်‌မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သနပ်ပင် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် (၃၆)ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်‌ခဲ့သော သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို မြို့မပရိယတ္တိစာသင်တိုက် ရတနာဃရဝိဟာရ ဗိမ္မာန်တော်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားအား နမောတဿ()ကြိမ် ရွတ်ဆိုဘုရားကန်တော့၍  အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့မပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘန္ဒတ္တကုသလ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်က သာသနာရေးဆိုင်ရာများ  လျောက်ထားခဲ့သည်။

အဆိုပါစူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၂ ခုနှစ် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ပထမငယ်တန်း(၁)ပါး၊ အခြေပြုမူလတန်း(၆)ပါး၊ ‌စုစု‌ပေါင်း(၇)ပါးနှင့် ဩဝါဒစရိယဆရာတော်ကြီးများ သံဃာတော်များ၊ ကြီးကြပ်ရေးနှင့် စာချဆရာတော်(၁၁)ပါး စုစုပေါင်း(၁၈)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဦး‌ဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘွဲ့တံဆိပ်များနှင့် လှူဖွယ်ဝတ္တုများအား ဆပ်ကပ် လှူဒါန်းခဲ့သည်။ လှူဒါန်းမှုအစုစုတို့အား ကုလားချောင်းကြီး ကျေးရွာပုဗ္ဗာရုံကျောင်းတိုက် သာသနဓဇ ဓမ္မာစရိယနိုင်ငံတော် ဗဟိုသံဃာဝန်ဆောင် ဘဒ္ဒန္တစန္ဒနထံမှ အနုမောဒနာ တရားနားကြားခဲ့ကာ ရေစက်သွန်းချအမျှပေး၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဠတု (သုံးကြိမ်)ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)