သတင်းများ

ကျောက်ဖြူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကျောက်ဖြူစာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်(၄၀)ပါးတို့အား စာအောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရွှေတောင်မြို့နယ်တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၌ ကျင်းပခဲ့သော အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၃နာရီက အထကပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ပြုလုပ်
Apr 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲ ကျင်းပ
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းဓမ္မာရုံတွင် ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စူဠဘွဲ့နှင်းသဘင်စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။
နမ္မတူမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံပေး
Apr 04,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်ရုံးရှေ့ မြေစိုက်ပြဘုတ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်ပြသ
Apr 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍
လှည်းကူးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းဆောင်ရွက်ပေး
Apr 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန်ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများတိုက်ကျွေး၊ ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေး၊ ထိုးနှံပေးသည်။