သတင်းများ

ကမာရွတ်မြိုနယ်၌ မဟာသင်္ကြန်​ရေသဘင်ပွဲ​တော် ကျင်းပနိုင်​ရေး ညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Apr 01,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ​ရေသဘင်ပွဲ​တော်ကျင်းပနိုင်​ရေး လုပ်ငန်းညှိနိုင်းအစည်းအ​ဝေး (၁/၂၀၂၃)ကို ယ​နေ့မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံး အစည်း​ဝေးခန်းမ၌ ကျင်းပသည်။
ဝေရိက္ခယ သီလရှင်စာသင်တိုက်သို့ အလှူငွေများလှူဒါန်း
Apr 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်သို့ ယနေ့ နံနက် ၇ နာရီက အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်း၌ မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်မားရေးဆွေးနွေးပွဲ သင်တန်းဆင်းပွဲ ဆောင်ရွက်
Apr 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ၊ အခြေခံပညာဦးစီးဌာန၊ မူလတန်းဆင့် စွမ်းရည်မြှင့်မားရေး သင်တန်းဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဇီဝကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာမီးဘေးသင့် အိမ်ထောင်စု (၃၂)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်
Apr 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာရှိ မတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၃၂) စုတို့ ၏ ပြည်သူများအတွက် စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
လက်ပံတန်း​​မြို့၌ (၉၇)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်တော် လှူဒါန်း
Apr 01,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၉၇)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၈နာရီက လမ်းမတော်လမ်းနှင့် (၃)လမ်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ငရုပ်စိုက်(၂၀၈)ဧက စိုက်ပျိုးပြီးဖြစ်
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နယ်မြေဒေသအလိုက် ငရုပ်သီးနှံများ စိုက်ပျိုးလျက်ရှိရာ (၂၀၈) ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သိန္နီမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ်သင်ရိုး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ် သင်ရိုးသစ်မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်‌ တွေ့ဆုံ၍ လိုအပ်‌သော လမ်းညွှန်မှုများ‌ ဆောင်ရွက်ပေး
Apr 01,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကြိုဆိုခဲ့ကြသည်။