သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ငရုပ်စိုက်(၂၀၈)ဧက စိုက်ပျိုးပြီးဖြစ်
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နယ်မြေဒေသအလိုက် ငရုပ်သီးနှံများ စိုက်ပျိုးလျက်ရှိရာ (၂၀၈) ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
သိန္နီမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ်သင်ရိုး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် စနစ်သစ် သင်ရိုးသစ်မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်‌ တွေ့ဆုံ၍ လိုအပ်‌သော လမ်းညွှန်မှုများ‌ ဆောင်ရွက်ပေး
Apr 01,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကြိုဆိုခဲ့ကြသည်။
မင်းလှမြို့၌၂၀၂၃ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Apr 01,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး ပန်းထိမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကာရာတေးဒို သင်တန်း(အခမဲ့)ဖွင့်လှစ်
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် လူငယ်များဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဧပြီ(၁)ရက်နံနက် (၈)နာရီက အခြေခံကာရာတေးဒိုသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။
တနင်္သာရီမြို့နယ်(မူလတန်းအဆင့်)ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်း အောင်မြင်စွာ ပြီးမြောက်
Apr 01,2023
၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းသူ/သားများကို အခြေခံမှစ၍ ထိရောက်မှု အပြည့်အဝဖြင့် အစဉ်ဆက်မပြတ် သင်ကြားမှုရရှိနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)ဘာသာရပ် သင်ကြားရေးစွမ်းရည် မြှင့်မားရေးဆွေးနွေးပွဲသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ပြီဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 01,2023
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။