ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေးဖွင့်ပွဲ ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အတွင်းရှိ ကျေးရွာများတွင် နွေရာသီရေပြတ်လပ်မှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ(၄)ရွာသို့ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေး ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။