ရန်ကင်း ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ စုပေါင်းသန့်ရှင်းရေးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးဘေး (ရန်အောင်လမ်းသွယ်မှ ရန်အောင်(၇)လမ်းထိပ်အထိ) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အခြေခံပညာကျောင်းများ၊ လမ်းမကြီးများ၊ မြို့ပေါ်ရပ်ကွက်များအထိ ရေစီးရေလာကောင်း မွန်ရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ အမြင်မတင့်တယ်သည့် အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့မြို့နယ်စစ်ကြောင်းကြီးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)