သတင်းများ

ကျိုက်မရောမြို့ ၌   မြန်မာ့ရိုးရာမဟာသင်္ကြန် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 02,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်အား မြန့်ရိုးရာယဥ်ကျေးမှုများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဟုမ္မလင်း၌ ပါဠိပထမပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ
Apr 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ပါဠိပထမပြန် အောင်လက်မှတ် ဆက်ကပ်ပွဲနှင့်ဂုဏ်ပြုပူဇော်ပွဲ ဆူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 02,2023
ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပုသိမ်မြို့၊ဧရာရွှေ၀ါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်၌ ကံဝိန်းပရိယတ္တိစာသင်တိုက် မုခ်ဦးနှင့် ပင်မဓမ္မာရုံကျောင်းဆောင်သစ်ကြီး ဖွင့်ပွဲ ကျင်းပ
Apr 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကံဝိန်းပရိယတ္တိ စာသင်တိုက် မုခ်ဦး၊ ပင်မဓမ္မာရုံ ကျောင်းဆောင်သစ်ကြီး၊ သုံးထပ်သံဃာဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ပြခန်း ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ငဖဲမြို့နယ်တွင် နွေစပါးသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးအတွက် ရင်းရှည်ရေလှောင် တမံဆည်မှဆည်ရေ ဒုတိယအကြိမ်ပေးဝေ
Apr 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအတွင်းရှိ ဆည်ရေသောက် တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးသီးနှံများ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရင်းရှည်ရေလှောင်တမံဆည်ရေတံခါးမှ ၁ လက်မ ဖွင့်၍  (၁)Cusec ဖြင့် ယနေ့ နံနက် ၆ နာရီမှစတင်၍ ဒုတိယအကြိမ် ဆည်ရေ စတင်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ကျွမ်းကျင်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၊ ၂၀၂၃ ခုနှစ် ကချင်ပြည်နယ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး
Apr 02,2023
၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ စာဖြေဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆိုနေသော သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မချမ်းဘော့မြို့ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နဂါးရုံဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 02,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နဂါးရုံဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အလှူတော်မင်္ဂလာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။