တန့်ယန်း ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကံဝိန်းပရိယတ္တိ စာသင်တိုက် မုခ်ဦး၊ ပင်မဓမ္မာရုံ ကျောင်းဆောင်သစ်ကြီး၊ သုံးထပ်သံဃာဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ပြခန်း ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ မုခ်ဦး၊ ပင်မဓမ္မာရုံကျောင်းဆောင်သစ်ကြီး၊ သုံးထပ်သံဃာဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ပြခန်း ဖွင့်ပွဲအခမ်းအနားတို့တွင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အဓိပတိ ပါမောက္ခချုပ် အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ D-Phil (Oxford)၊ တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (ဒေါက်တာ စဝ်ဆုခမ်း)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကောလိယ၊ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အလှူရှင်အသီးသီးတို့က မုခ်ဦး၊ ပင်မ ဓမ္မာရုံ ကျောင်းဆောင်သစ်ကြီး၊ သုံးထပ်သံဃာဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ပြခန်းတို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)