သာပေါင်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကစတင်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ မေးခွန်းလွှာများကို စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်ထံသို့ မြို့နယ်ဥပထမ္ဘကအဖွဲ့ ဥက္ကဌဦးမြမောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ(ငြိမ်း)ဦးသက်ဦး၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသက်မြင့်တို့က ဆက်ကပ်ခဲ့ပြီး စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်၊ ကြီးကြပ်ရေးဆရာတော်သံဃာတော်များနှင့်စာဖြေသံဃာတော်တို့ကို အမှတ်(၂)ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်း ဦးမြမောင်(မြို့နယ်ဥပထမ္ဘကအဖွဲ့ ဥက္ကဌ)+ဒေါ်အေးအေးလွင် မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံစာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပကြရာ စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်(၂)ပါး၊ ကြီးကြပ်ရေးဆရာတော် သံဃာတော်(၁၀)တို့၏ ကြီးကြပ်မှုဖြင့် စာဖြေသံဃာတော် ပထမကြီးတန်း စာရင်းရှိ(၆)ပါး၊ ဖြေဆို(၆)ပါး၊ ပျက်ကွက် မရှိ၊ပထမလတ်တန်း စာဖြေ(၂)ပါး၊ ဖြေဆို(၂)ပါး၊ ပျက်ကွက် မရှိ၊ပေါင်းစာဖြေသံဃာ စာရင်းရှိ(၈)ပါး၊ စာဖြေ(၈)ပါးတို့က ဆဌမနေ့ ဘာသာပြန်၊ ပဌာန်းကုသလတိက်ဘာသာတို့အား ဆက်လက်ဖြေဆိုနေကြလျက်ရှိပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈ ရက်နေ့မှ ဧပြီလ ၃)ရက်နေ့ထိ၊မွန်းတည့် ၁၂ နာရီ မှ ညနေ ၃ နာရီအထိ စာမေးပွဲကာလအတွင်း စာဖြေဌာနကြီးကြပ်ဆရာတော်၊ သံဃာတော်(၁၂)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်မြတ်ဇော်၊ မြို့နယ်လုံးဆိုင်ရာ ဥပထမ္ဘကအဖွဲ့တို့က စီစဉ်ကြီးကြပ်၍ စေတနာရှင်အလှူရှင်တို့ထည့်ဝင် ဆက်ကပ်လှူဒါန်းကြပြီး ကျင်းပလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)