စဉ့်ကူး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ (၇၈)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြားအသိပညာပေးကဏ္ဍအဖြစ်လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ စသည်တို့ကိုပြသထားရာ ဒေသခံ ပြည်သူများ၊ လူငယ် လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)