သတင်းများ

တနင်္သာရီတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဖူဆယ်အားကစားအဖွဲ့အားတွေ့ဆုံ
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်သည်တိုင်းဒေသကြီးဖူဆယ်အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ယနေမွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး‌ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး
Aug 13,2025
ကရင်ပြည်နယ် ဘားအံမြို့တွင်  ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈) ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
သာစည်မြို့နယ် အခြေခံသမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါ ၁၃၇ ဧက စိုက်ပျိုးထား
Aug 13,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့်ဝါဆွတ်ခူးနေမှုအခြေအနေများအား ဩဂုတ် ၁၃ ရက်နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးကာ ဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Aug 13,2025
“လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” စသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်း ပေးအပ်
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်တို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအုပ်စုများမှ ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူင်ခရိုင်၊ မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရေး ကျေးရွာစာကြည့်တိုက်များအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဖိုရမ် တက်ရောက်
Aug 13,2025
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖိုရမ်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲပါတီဝင်များနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ယခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကော်မရှင်အဖွဲ့ခွဲ၏ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။