မရမ်းကုန်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းနှင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်တို့က အမှာစကားပြောကြားကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အသင်းအမှုဆောင်များနှင့် အအသင်းဝန်ထမ်းများ သင်တန်းသား/ သူ (၃၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၁ ရက်မှ ဇွန် ၅ ရက်အထိ ၅ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ရဲရင့်သိန်းထွန်း (ပြန်/ဆက်)