သတင်းများ

မြေပြင် လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မန္တလေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေး
Jan 10,2023
မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ၂၈ လမ်း၊ ၆၈×၆၉ လမ်းကြားတွင် ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 10,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့မနာရီစင်ခွဆုံတွင် ဖြန့်ဝေပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်း စတင်ဆောက်ရွက်
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တတ်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံ စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး အသိပညာပေးဆွေးနွေး
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများအရောက် လစဉ်တစ်လလျှင် (၁၀) ရွာရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် သိရိမင်္ဂလာရပ်ကွက်၊ သရက်တောင်ရာ၊ ဓမ္မရောင်ခြည် ဓမ္မာရုံ၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်မှစတင်၍ ဆောင်ရွက်ကြောင်း သိရသည်။
လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jan 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ “အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးချိုတော်အတွင်း ကွင်းဆင်းစစ်ဆေး
Jan 10,2023
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးချိုတော်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်ခန့်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၈၄လမ်းနှင့် ၈၆ လမ်းကြား၊ ၂၆လမ်းနှင့် ၂၈ လမ်းကြားရှိ စျေးချိုတော်၊ မုန့်စုံတန်းများတွင် ပြုလုပ်ခဲ့သည်။