သာပေါင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တတ်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံ စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ် တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်ချက်များကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့မှ စနစ်တကျ တစ်အိမ်တက်ဆင်း မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၆၇)အုပ်စု၊ ကျေးရွာပေါင်း (၃၉၄)ရွာ၊ မြို့နယ် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရမည့် အိမ်ထောင်စုပေါင်း (၄၃၂၁၇)စုရှိပြီး ကောက်ကွက်(၇၄)၊ ပူးပေါင်းအဖွဲ့(၇၄)ဖွဲ့တို့က သတ်မှတ် နယ်မြေအလိုက် စနစ်တကျ တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။
သာပေါင်းမြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group)လုပ်ငန်းကို ဇန်နဝါရီလ(၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁)ရက်နေ့အထိ လုပ်ငန်းများ အောင်မြင်ရေး၊ မြေပြင်စာရင်း တိကျမှန်ကန်စာရင်းရရှိစေရေးတို့ကို ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်