ဆိပ်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်မှစတင်၍ ဆောင်ရွက်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ မြေပြင်ရှိလူဦးရေစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများအရောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့ ဝင်(၁၄၀)ဦးဖြင့် (၂၈)ဖွဲ့နှင့် ကွင်းဆင်းကြီးကြပ်ဇုံ (၅) ဇုံဖွဲ့စည်းဆောင်ရွက်ကောက်ယူလျက်ရှိကြောင်း၊ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူ အဖွဲ့များ (Word Group) အနေဖြင့် မသန်စွမ်း(၅)မျိုး အပါအဝင် မွေးဖွားခြင်း၊ သေဆုံးခြင်း အိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာအချက်လက်များ ပြည့်စုံစွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)