မောင်တော ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့မနာရီစင်ခွဆုံတွင် ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထွန်းနိုင်၊ မြို့မရဲစခန်း ဒုတိယစခန်းမှူး ယာဉ်/လမ်းစည်း ကမ်းထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက အများပြည်သူသိရှိ လိုက်နာနိုင်စေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်/လမ်းစည်းကမ်းများနှင့် ပတ်သတ်၍ ယာဉ်မောင်းနှင်သူ ပြည်သူများအနေဖြင့် ခိုင်ခံ့ကောင်းမွန်သည့် ဆိုင်ကယ်စီးဦးထုပ်များဆောင်းကြရန် မော်တော်ယာဉ်မောင်းနှင်သူများထိုင်ခုံခါးပတ် တပ်ဆင်ကြရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာကြရန် ယာဉ်မောင်းနှင်းသူများ၊ လမ်းသွား၊ လမ်းလာပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးပြောကြားပြီး လက်ကမ်း စာစောင် ၂၀၀ စောင်နှင့် နှာခေါင်းစည်း Mask များကို လည်း ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်(ပြန်/ဆက်)