ချမ်းအေးသာစံ ဇန်နဝါရီ ၁၀
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးချိုတော်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်ခန့်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၈၄လမ်းနှင့် ၈၆ လမ်းကြား၊ ၂၆လမ်းနှင့် ၂၈ လမ်းကြားရှိ စျေးချိုတော်၊ မုန့်စုံ တန်းများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး (အစားအသောက်) နှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာ စျေးဌာနမှ တာဝန်ရှိသူများ၊ အမှတ် ၆ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ အဖွဲ့ ၂ ဖွဲ့ခွဲကာ စျေးချိုတော်အတွင်းရှိ ဆေးဆိုင်များ၊ မုန့်စုံတန်းရှိ အစားအသောက်ရောင်းချသောဆိုင်တို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ ပြီးအစားအသောက်နမူနာများ ဝယ်ယူခြင်း၊ ဆေးဆိုင်များအား ဆေးဝါးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်