တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်အတွင်း (Warking Group) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းဆောင်ရွက်

တနင်္သာရီ ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း (Warking Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြသီတာလမ်း၊ တပ်ဦးအဝင်လမ်း၊ ဝင်္ကဘာဘုရားလမ်းတို့ရှိ မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် ကွင်းဆင်းကောက်ယူ၍ စာရင်းပြုစုလျက်ကြောင်း သိရသည်။

မြို့နယ် (Warking Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများက ကြီးကြပ်လျက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲဝင်များ၊ ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်တို့က တစ်အိမ်တက် တစ်အိမ်ဆင်းကောက်ယူခဲကြကြောင်း၊   တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်အတွင်း ယနေ့ ကောက်ယူမှုတွင် အမည်စာရင်းပါ အိမ်ထောင်စု (၁၁၀) စုရှိ၊ လူဦးရေ ကျား(၂၄၁)ဦး+ မ(၂၄၈)ဦး၊ စုစုပေါင်း (၄၈၉)ဦးတို့ကိုလည်းကောင်း၊ အိမ်ထောင်စု အလွတ်ဖြင့် ကောက်ယူရာတွင် အိမ်ထောင်စု(၅)စုရှိ၊ လူဦးရေ ကျား (၁၃)ဦး+ မ(၁၂)ဦး၊ စုစုပေါင်း(၂၅)ဦး..စာရင်း ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

(တနင်္သာရီ)