ဟိုပန် ဇန်နဝါရီလ ၁၇
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဟိုပန်ခရိုင်သိုလှောင်ရုံနှင့်အသိပညာပေးစင်တာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်တွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးစိုးနိုင်က ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှမ်းပြည်နယ်အတွင်း သိုလှောင်ရုံနှင့်အသိပညာပေးစင်တာများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်အဆောက်အဦနှင့်ပတ်သက်သော အချက် အလက်များကို မိုးပုလဲသွယ်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပေးအပ်ရာ ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော်က လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများက အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကြေးပြားကို အမွှေးနံ့သာရည်တို့ဖြင့် ဖျန်းပက်ပေးခဲ့ပါသည်။ အဆိုပါ အဆောက်အဦသည် (၆၀'×၄၀'×၂၈')RC(၂)ထပ်အဆောက်အဦဖြစ်ပြီး မဲခေါင်-လန်ချန်းဒေသပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်