ကျောက်တံခါး ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုကိုက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်က မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးအန္တရာယ်ကိုရှောင်ကြဉ်ရန် စသည့်အကြောင်းအရာများကို Power Point ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့ ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ ဆက်)