ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော် အ-ထ-က အုန်းချောင်းအတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ

ရွှေသောင်ယံ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အ-ထ-က အုန်းချောင်းစာသင်ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော်မှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဟောပြောပွဲတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်းကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များကို ဟောပြောပို့ချပေးသည်။

အဆိုပါတွေ့ဆုံဟောပြောပွဲသို့ ရွှေသောင်ယံမြို့ရှိ ဌာနဆိုင်ရာများ၊ အ-ထ-က အုန်းချောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)