ဖားဆောင်း ဖေဖော်ဝါရီ ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်တော် မြို့နာမ်ရတနာစျာန်အောင် စေတီတော်ကြီးတွင် ဗုဒ္ဗပူဇနိယပွဲတော် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ အဆိုပါစေတီတော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဗုဓ္ဒပူဇနိယပွဲတော် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့်ကျေးရွာများမှ အသင်းအဖွဲ့စုစုပေါင်း(၆)ဖွဲ့တို့က မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ဆင်နွဲခဲ့ကြကြောင်းနှင့် ဆုရရှိသောအသင်းအဖွဲ့များအား တပေါင်းလပြည့်နေ့ ရတနာစျာန်အောင်စေတီတော်ကြီးတွင် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပြီးဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
R-099(ဖားဆောင်း)