ပင်လောင်းမြို့နယ်၌ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်ကျောက်ချောလမ်းနှင့် သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကျင်းပ

ပင်လောင်း ‌ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထိန်ကျေးရွာတွင် ကောင်ထိန်-သိန်းလာပြား-ဝါးပြုံး ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းနှင့် ဘီလူးချောင်းကူး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို ယနေနံနက်ပိုင်းတွင် အဆိုပါ တံတား၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မြင့်သန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး မြောက်ထီဗွာကျေးရွာအုပ်စု ဦးသန်းကျော်က လမ်း၊တံတားဆောက်လုပ်ခြင်း နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ တံတားသည် အလျား ၂၄ ပေ၊ အကျယ် ၁၃ ပေ နှင့် ကောင်ထိန်-သိန်းလား-ဝါးပြုံး ကျေးရွာချင်းဆက်ကျောက်ချောလမ်းသည် အကျယ် ၁၂ ပေ ၊ အရှည် ၄၆၂၈ ပေ ရှိကြောင်းနှင့် စုစုပေါင်းငွေကျပ် သိန်း (၄၃၀) ခန့် ကုန်ကျကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်