သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး
May 17,2025
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပ‌စေရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုများ၊ အင်ဂျန်းခချောင်းရေထိန်းတံခါးတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး
May 17,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း စီမံဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းမကြီးများတွင် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ဖူးပွင့်ဝေဆာနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက အ-ထ-က ရွာသစ်တွင် စုရပ်ပြုလုပ်ကာ ကွင်းဆင်းဆေးကုသပေးမည်
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က ရွာသစ်တွင် အဆိုပါကျေးရွာနှင့် အိမ်မဲမြို့နယ်အတွင်ရှိ ကျေးရွာများမှ ပြည်သူများအား မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက လာရောက်စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော်တွင် အောင်ပွဲရ အမျိုးသမီးဘော်လီဘော အသင်းအား ဂုဏ်ပြုကြိုဆို
May 17,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်  အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီ‌ဘောပြိုင်ပွဲ အောင်ပွဲရ ကျုံပျော်ခရိုင် အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မေလ ၁၇ ရက် နေ့လည် ၁၂ နာရီ အချိန်က ပြုလုပ်သည်။
ရေးမြို့နယ်အတွင်း တရားမဝင် ဆင်းကတ် (SIM Card) များ နှင့် တရားမဝင် စလောင်းစက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 17,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း တရားမဝင်ဆင်းကတ် (SIM Card ) များ ရောင်းချမှုမရှိစေရေးနှင့် နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းထားမှုမရှိသော တရားမဝင် (PSI & IPM) စလောင်းစက်များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ဖြူးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစိုတင်း( ၁၂၆.၃၈)ထွက်ရှိ
May 17,2025
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးအထွက်နှုန်း သိရှိစေရေးအတွက် ကျီးမနိုကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ တောင်သူဦးမောင်ဆန်း၊ ကွင်းအမှတ်(၈၀၅-ခ)၊ ဦးပိုင်(၃၂/၇)နှံကောက်မျိုး(၅.၇၅)ဧကအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့မှ စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစို တင်း( ၁၂၆.၃၈) ထွက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
May 17,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံ သင်တန်း ကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအားမေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ဟင်္သာတမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျော်(သစ်စိမ်းမြေဩဇာ)ကြဲပက်ပွဲကျင်းပ
May 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်တိုက်နယ်၊​ အင်းဓဝယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၈၄)၊ ဦးပိုင်အမှတ်(၄၇)၊ ဧရိယာ(၂.၀၀)ဧက၊ တောင်သူ ဦးမန်း​အောင်ချစ် ပိုင်ဆိုင်သောလယ်မြေ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပိုက်ဆံလျော် သစ်စိမ်းမြေဩဇာကြဲပက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။