နတ်တလင်းမြို့၌ The Smart ကိုယ်ပိုင်အလယ်တန်းကျောင်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နတ်တလင်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ The Smart ကိုယ်ပိုင်အလယ်တန်းကျောင်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက သာဇီရပ်ကွက်၊ အပြင်သာဇီလမ်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား နတ်တလင်းခရိုင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်း၊ The Smart ကိုယ်ပိုင်အလယ်တန်းကျောင်းအုပ်ကြီး ဦးရဲမြင့်၊ ကျောင်းတော်သစ်နာယက ဦးအေးမြင့်၊ ဦးထင်လင်း၊ ဒေါ်အုန်းလေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နာယက ဦးထင်လင်းမှ ကျောင်းတော်သစ် ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းတော်သစ်ဆိုင်းဘုတ်အား တာဝန်ရှိသူများမှ ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များမှ ကျောင်းတော်သစ်အား လှည့်လှည်ကြည့်ရှုခဲ့ကြကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)