သတင်းများ

ခရမ်းမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်
Jun 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ကရင်စုကျေးရွာရှိ တောင်သူများအား ဆွေးနွေးခဲ့‌ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Jun 06,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့်ဝန်ထမ်းများက အ.ထ.က(မြို့မ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု၊ အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန၌ ပျိုးပင်ပေါင်း (၆၁၇၀၀) ပင် ပျိုးထောင်ထားရှိ
Jun 06,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း (၆၁၇၀၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ခံတစ်ဦးထံက သိရသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 06,2026
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
Jun 06,2026
သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၆ ရက်နေ့ က ဇီးကုန်း-တာပွန်လမ်းဘေးဝဲယာ၌ သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့်ကျောင်း(မြို့နယ်အဆင့်)ဆင့်ပွားသင်တန်းဖွင့်လှစ်
Jun 06,2026
ပဲခူးတိုင်း​​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်း(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးဘာသာရပ်များသင်ကြားနိုင်ရန် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြော
Jun 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား သက်မွေးပညာရပ်များဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များ သင်ကြားနိုင်စေရန် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းနှင့်ပတ်သက်၍ မိတ်ဆက်အသိပညာပေးဟောပြောခြင်းကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။