မိုးညို ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)ကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ပြည်စိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်အတူ အ.ထ.က(မိုးညို)ကျောင်းမှ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ၃၀ ဦး၊ ကျောင်းသူ ၄၉ ဦး၊ စုစုပေါင်း ၇၉ ဦးအား နိုင်ငံသားစိစစ်ရေကတ်ပြားများပြုလုပ်ပေးခဲ့သည်။
မိုးညိုမြို့နယ်အတွင်း လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)