သတင်းများ

ပြည်မြို့နယ် "အောင်မြန်မာ"ရောင်းဝယ်ရေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် အစုပေါ်အမြတ်ငွေပေးအပ်ပွဲ ကျင်းပ
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် "အောင်မြန်မာ" ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် အသင်သားများထံ အစုပေါ်အမြတ်ငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ အဆိုပါအသင်းခန်းမဆောင်၌ ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့် အသင်းသူ/အသင်းသားများ တက်ရောက်ကြသည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေး
Aug 11,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီက Capital Taiyo Life Insurance ကုမ္မဏီမှ လာရောက်ပြီး အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန် မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် အမှတ်(၄)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီ က အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၊ အ.ထ.ကတွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်၊ သွေးလွန်တုတ်ကွေးရောဂါအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မောက်မယ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပန်းဘဲ စာအုပ်စာစောင်များအဆင်ပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက စဥ့်ဝင်ကျေးရွာအုပ်စု၊ အ.မ.က(နောင်ခမ်း)သို့ တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များယူဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ချောက်မြို့နယ် တောင်နောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး
Aug 11,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်(VDP)ဖြင့်‌ တောင်နောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေး
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူးကျင်းပသည့် ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဝိန်းကျောက်ရပ်ကွက်ရှိ ဟောရှဏ္ဏအေဂျီဧဝံဂေလိ အသင်းတော်ရှိ တတိယနှစ်ခန်းမဆောင်တွင် ကျင်းပသည်။
မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးကွင်းဆင်း
Aug 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးရွာနေဒေသခံ တိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။