သဲကုန်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်း(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးဦးစီးဌာနမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ရဲကျော်က ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မိမိတို့၏ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် smart school ကျောင်းများပြည့်မီအောင် ဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၂)ဦးမှ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ(၇၁)ဦးအား ဇွန်လ(၄)ရက်နေ့မှ (၅)ရက်နေ့ အထိစာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)