ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 08,2020
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ဆန္ဒမဲများ စတင်ပေးလျက်ရှိရာ လိုင်းလင်းပီမြို့ပေါ် ရပ်ကွက်(၂)ခုရှိ မဲရုံ(၂)ရုံ၌ မဲဆန္ဒရှင်များမှ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မတူပီမြို့၌ နိုဝင်ဘာ(၈)ရက်နေ့ နံနက် (၆) အချိန်က မဲရုံပေါင်း(၁၃)ရုံကိုတစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လာရောက် မဲပေးလျက်ရှိသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆) နာရီမှ စတင်၌ ဆန္ဒမဲများစတင်ပေးနေပြီဖြစ်ပြီး လိုင်းလင်းပီမြို့ပေါ်ရှိ မဲရုံ(၂)ရုံ၌လည်း ဆန္ဒမဲများ ပေးနေကြပြီဖြစ်သည်။
Nov 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျီခါးမြို့ရှိ သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပလျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။
Nov 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ဆန္ဒမဲများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။
Nov 08,2020
ကိုကိုးကျွန်းမြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ မဲရုံများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့ နံနက်(၆)နာရီမှစ၍ ကျင်းပရာ ဆန္ဒမဲပေးကြမည့် ပြည်သူများ စနစ်တကျ တန်းစီ၍ ဆန္ဒမဲပေးနေသည်ကို တွေ့ရသည်။
Nov 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ စ၍ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်တွင် ဆန္ဒမဲပေးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။