လိုင်လင်းပီ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆) နာရီမှ စတင်၌ ဆန္ဒမဲများ စတင်ပေး နေပြီဖြစ်ပြီး လိုင်းလင်းပီမြို့ပေါ်ရှိ မဲရုံ(၂)ရုံ၌လည်း ဆန္ဒမဲများ ပေးနေကြပြီဖြစ်သည်။
မဲရုံမှူးများမှ မဲရုံများကို နံနက်(၆)နာရီတွင် ဖွင့်လှစ်ကြောင်းကြေညာပြီးနောက် မဲရုံတွင်းရှိ ဆန္ဒမဲပုံးများအား အလွတ်ဖြစ်ကြောင်း ပါတီအသီးသီးမှ စောင့်ကြည့်ရေးအဖွဲ့များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ရှေ့တွင် ပြသပြီးနောက် လုံခြုံရေးကြိုးဖြင့်ချည်ကာ မဲပေးခြင်းလုပ်ငန်းများ စတင်ခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်ရာမဲရုံများသို့လာရောက်ရာတွင် မဲရုံများ၏ သတ်မှတ်ထားသည့်စည်းကမ်းချက် များနှင့်အညီ ဆန္ဒမဲများအေးချမ်းစွာ ပေးလျက်ရှိကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)