ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းနှင့် မဲရုံတွင်တာဝန်ကျဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် အထွေထွေညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဖလမ်းခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး၌ ပြုလုပ်သည်။
Nov 05,2020
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Nov 05,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၌ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေ​ထွေ ရွေးကောက်ပွဲ အဆင်​ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နှင့် ဆဒုံးမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့နယ်ရှိ မဲရုံ ( ၆) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မင်းတပ်မြို့ မြို့ပေါ်(၄) ရပ်ကွက်ရှိ အသက် ၆၀ နှစ်အထက် အဘိုးအဘွားများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူရန် ကွင်းဆင်းကြကြောင်း သိရသည်။
Nov 05,2020
ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျ ရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်း‌‌ဆောင်မည့် ဝန်ထမ်းများအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက် ရှိပါသည်။