ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

ကျီခါး  နို၀င်ဘာ ၈

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျီခါးမြို့ရှိ သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပလျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။

ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ(၅)ခု၊ တစ်သီးပုဂ္ဂလ (၁)ခု စုစုပေါင်းပါတီ(၆)ခုရှိပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ တွင်(၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာတွင်(၇)ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်‌နေရာတွင် (၅)ဦးဖြင့် အသီးသီး၀င်ရောက် ယှဉ်ပြိုင်ကြကြောင်းနှင့် ကျီခါးမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင်စုစုပေါင်း(၁၂၄၄)ဦးရှိပြီး မြို့‌ပေါ်ရှိမဲရုံ(၂)ရုံတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများပေးလျက် ရှိကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)