ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲများပေး

ကိုကိုးကျွန်း နိုဝင်ဘာ ၈

ကိုကိုးကျွန်းမြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ မဲရုံများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့ နံနက်(၆)နာရီမှစ၍ ကျင်းပရာ ဆန္ဒမဲပေးကြမည့် ပြည်သူများ စနစ်တကျ တန်းစီ၍ ဆန္ဒမဲပေးနေသည်ကို တွေ့ရသည်။
ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ မဲရုံစတင်ဖွင့်လှစ်ရာ အမှတ် ၁ မဲရုံတွင် မဲပေးမည့်သူပေါင်း ၆၅၃ ဦးရှိပြီး နံနက် ၁၁ နာရီအချိန်အထိ မဲပေးပြီးသူ ၂၈၅ ဦးနှင့် အမှတ် ၂ မဲရုံတွင် မဲပေးမည့်သူပေါင်း ၃၆၄ ဦးရှိပြီး မဲပေးပြီးသူ ၂၆၀ ဦးရှိကြောင်း သိရသည်။ ကိုကိုးကျွန်းမြို့နယ်တွင် မဲဆန္ဒရှင်များသည် အေးချမ်းစွာဖြင့် ဆန္ဒမဲပေးနေရကြောင်းနှင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း ဆန္ဒမဲပေးနေ ကြောင်း သိရသည်။
ကိုကိုးကျွန်း ပြန်/ဆက်