ရိခေါ်ဒါရ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်

ရိခေါ်ဒါရ်        နိုဝင်ဘာ     ၈

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ စ၍ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်တွင် ဆန္ဒမဲပေးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။

ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်နှစ်ခုအတွင်းရှိ မဲရုံ (၄)ရုံများ၌ ယနေ့နံနက် ၈ နာရီအထိ ဆန္ဒမဲပေးခြင်းပြီးစီးမှု ရာခိုင်နှုန်းမှာ အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင်ဦးရေ (၈၈၅)ဦးရှိရာ မဲပေးခဲ့ပြီးသူ (၁၃၄)ဦး၊ မဲပေးပြီးစီးမှု ရာခိုင်နှုန်း(၁၅.၁၄)ရှိခဲ့ပြီးဖြစ်ကြောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင်ဦးရေ (၈၇၆)ဦးရှိရာ မဲပေးခဲ့ပြီးသူ (၁၂၂)ဦး၊ မဲပေးပြီးစီးမှုရာခိုင်နှုန်း(၁၄)၊ မဲရုံအမှတ်(၂)၌ မဲဆန္ဒရှင်ဦးရေ (၉၉၈)ဦးရှိရာ မဲပေးခဲ့ပြီးသူ (၉၁)ဦး၊ မဲပေးပြီးစီးမှုရာခိုင်နှုန်း(၉.၁၁)၊ မဲရုံအမှတ်(၃)၌ မဲဆန္ဒရှင်ဦးရေ (၉၉၉)ဦးရှိရာ မဲပေးခဲ့ပြီးသူ (၉၄)ဦး၊ မဲပေးပြီးစီးမှုရာခိုင်နှုန်း(၉.၄၀)ရှိပြီး ရိခေါ်ဒါရ်မြို့အချုပ်အားဖြင့် မဲဆန္ဒရှင်ဦးရေ (၃၇၅၈)ဦးရှိရာ ဆန္ဒမဲပေးခဲ့ပြီးသူ (၄၄၂)ဦး၊ မဲပေးပြီးစီးမှု ရာခိုင်နှုန်း(၄၇.၆၅)ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံ (၄)ရုံ၌ ဆန္ဒမဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လာလ်ပက်လောမ် (ပက်ကာ)