Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာအရုပ်များကို တာဝန်ရှိသူများများမှ လိုက်လံပေးအပ်
Nov 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးမှ အခြေခံဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့၏ သားသမီးကလေးငယ်များတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှတစ်ဆင့် ယူနီဆက်မြန်မာ ပေးအပ်သော ကစားစရာအရုပ်များကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှ စတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးကျော်မိုး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နန်းငင်းလိန်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အိရွှေစင်လတ်တို့မှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်
Nov 24,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မတူပီမြို့စည်ပင်စျေးနှင့် စန်ဘောင်လမ်းဆုံတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့တွင် ရေ(၃၀၀)လီတာဆံ့ရေတိုင်ကီ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
Nov 24,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု
Nov 24,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်လက်မှတ်ထုတ်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များက ဆေးရုံးသုံးပစ္စည်းများ လာရောက်လှူဒါန်း
Nov 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူရှင်များက ဆေးရုံသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချီဖွေပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် စတင်တည်ဆောက်သွားမည်
Nov 24,2020
ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးနှင့် ပတ်ဝန်းကျင် သာယာလှပရေး ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (ခန့်မှန်း)တွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားရာ မြို့နယ်များမှ လာရောက်သူများအနေဖြင့် ကိုဗစ်-၁၉ Test Kit ဖြင့် (၇၂)နာရီ အတွင်း စစ်ဆေးထားသည့် မှတ်တမ်းပြနိုင်မှသာ မြို့တွင်းဝင်ခွင့်ပြုမည်
Nov 24,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ နေထိုင်သူနှစ်ဦး အိမ်ပြန်ခွင့်ရ
Nov 24,2020
မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၁)နှင့်(၂)တို့၌ Facility Quarantine နေထိုင်သူနှစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီတွင် အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
74
Page
75
Page
76
Page
77
Current page
78
Page
79
Page
80
Page
81
Page
82
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department