Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (၅၀၀) အခမဲ့ဖြန့်ဝေ
Nov 26,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ သိပ္ပံနည်းစနစ်ဖြင့် (၅)ဧကစမ်းသပ်စိုက်ပျိုးရာ အပင်ထွက်ရှိလာမှု အခြေအနေများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Nov 26,2020
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ ဟိုက်တလန် စိုက်ပျိုးရေးခြံတွင် သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိ လာမှုများအား ယနေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဆလိုင်းဒယ်နီရယ် ထွန်းတင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 26,2020
မိုင်းဆတ် နိုဝင်ဘာ၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Nov 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့
Nov 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Maternal and Child Cash Transfer Program (MCCT)အရ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိ
Nov 26,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်၊ "ရွှေတိုးအောင်"တည်းခိုခန်းတွင် ဦးသက်မော်(ခ) အငယ်လေးမှာ (၂၁.၁၁.၂၀၂၀)ရက်နေ့တွင် အခန်းအမှတ်(၂၀၅)တွင် တည်းခို၍ ညအိပ်ရပ်နားခဲ့ပြီး (၂၂.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တနိုင်းမြို့၊ ချမ်းငြိမ်းစည် မော်တော်ယာဉ်လိုင်းဖြင့် မိုးကောင်းမြို့၊ ရွှေကျောက်စိမ်းကားဂိတ်သို့ ရောက်ရှိပြီး ၎င်းသည် (၂၃.၁၁.၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့မှ မန္တလေးမြို့၊ မန္တလေးမှ မုံရွာသို့ ခွေးဘီလူးကားဖြင့် ၎င်း၏နေရပ် ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျီးကုန်း(အထက) CBFQ ထားရှိရာမှ အနံ့၊ အရသာပျောက်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ၎င်းနှင့်ထိတွေ့ဆက်စပ်သူများအားစစ်ဆေး၍ "ရွှေတိုးအောင်"တည်းခိုခန်း မန်နေဂျာအား နှာခေါင်းတို့ဖတ်များ ရယူ၍ ကျန်းမာရေး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show )ပြုလုပ်
Nov 26,2020
ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး
Nov 26,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ဆေးဝါးကုသပေးမှုကို နို၀င်ဘာ ၉ ရက်နေ့မှ စတင်ကာ နို၀င်ဘာလ တတိယပတ်အထိ ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
70
Page
71
Page
72
Page
73
Current page
74
Page
75
Page
76
Page
77
Page
78
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department