ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 05,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလက်အောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ (၂၇)ရက်နေ့အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် စီမံကိန်းပေါ်ရှိလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Oct 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် လူနာကုတင်နှင့်ဆေးဝါးများ လှူဒါန်းခြင်း ကို ယမန်နေ့က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
Oct 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်း ကပ်ထား ကြေညာခဲ့သည်။
Oct 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးအရေးယူ ဆောင်ရွက် ခဲ့ကြသည်။
Oct 03,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ကားဂိတ်များအား အောက်တိုဘာ ၂ ရက်မှစ၍ ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။
Oct 03,2020
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသော ဒေသများနှင့် ဒေသခြားမှ ပြန်လာသူများကို Facility Quarantine Center များ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး Swab နမူနာများ ရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုးကင်းစင်သော နေရပ်ပြန် ပြည်သူများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့ နံနက်ပိုင်း က အိမ်ပြန် ခွင့်ပြုပေးခဲ့သည်။
Oct 03,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထား ကြောင်း သိရသည်။
Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မြို့လှမြို့​တွင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ(၈)ရက်​နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်​ရေးအတွက်​ မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်ရှိ ​ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မှစတင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ​ကပ်ထား ကြေငြာထားကြောင်း သိရသည်။