Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲအထူးရဲများကို သင်တန်းပို့ချ
Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်၍ မံစီမြို့မရဲစခန်း၌ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများပေးအပ်
Oct 02,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်လုံခြုံရေးဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်
Oct 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၈)ချိန်ခန့်တွင် လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွယ်ဂျယ်မြို့တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ
Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လယ်ဂျယ်မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်အုပ်စုရှိ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် အောက်တိုဘာ(၁)ရက်နေ့စတင်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကန်ပက်လက်မြို့၌ မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာ
Oct 02,2020
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကန်ပက်လက်မြို့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မဲရုံ(၆)ရုံ၌ မဲဆန္ဒရှင် ပြည်သူများ၏ အမည်စာရင်းကို ယမန်နေ့မှစတင် ကြေညာကပ်ထား လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်
Oct 02,2020
၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်များ လုံခြုံစွာဆန္ဒမဲ ပေးနိုင်ရန်အတွက် ခေါင်လန်ဖူးမြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင် တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခေါင်လန်ဖူးမြို့မြို့နယ် ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Oct 02,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုများကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ကြေညာကပ်ထား
Oct 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီမှ စ၍ဒုတိယအကြိမ် မဲဆန္ဒရှင်အမည် စာရင်းများကို ကြေညာကပ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
155
Page
156
Page
157
Page
158
Current page
159
Page
160
Page
161
Page
162
Page
163
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department