ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီ အထိ မိခင်နှင့်ကလေးကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိသည်။
Oct 06,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌(ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင် လောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကိုအောက်တိုဘာ၆ရက်နံနက် (၁၀) နာရီက မြို့နယ်ဘန်ရူ ခန်းမတွင် ကျင်းပသည်။
Oct 06,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကိုပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိ နိုင်ရန်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီခန့်တွင် ပျံကျဈေး၌ ဖြန့်ဝေခဲ့ကြသည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာ ထားရှိရာမဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ်-၁၉ရောဂါကာကွယ်
Oct 06,2020
မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝင်း ဝန်ထမ်းအိမ်ရာနှစ်ထပ်ဆောင်၌ ယမန်နေ့ ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးသူငါးဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များပေးအပ်ကြောင်း သိရသည်။
Oct 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
Oct 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်း ကျေးရွာရှိ လယ်မြေများသို့ ရေပေးဝေနေသည့် နမ့်မန်းရေပေးမြောင်း ချောင်းရေတိုက်စား ပျက်စီးမှု အခြေအနေအား
Oct 06,2020
ချင်းပြည်နယ်၊ မတူပီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။