ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 05,2020
ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်းဆောင်ရွက်မည့် ငွေကျပ်သန်း(၈၁၈ ဒသမ ၅၀၀)တန်းဖိုးရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စက်တင်ဘာ ၂၉ ရက်မှစ၍ လုပ်ငန်းတင်ဒါများ ခေါ်ယူလျက်ရှိကြောင်းသိရသည်။
Oct 05,2020
ချင်းပြည်နယ်၊တီးတိန်မြို့၌ ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပါးစပ်/နှာခေါင်းစည်း(Mask)အခဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Oct 05,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစ ကလေးမှ အသက် နှစ်နှစ်ထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
Oct 05,2020
ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် Door To Door စနစ်ဖြင့် အိမ်ထောင်စုအလိုက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
Oct 05,2020
ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၀)မှ (၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြသည်။
Oct 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အလက(တပ်တွင်း)၊ အလက-ခွဲ(မုန်းလိုက်)နှင့် အမက(ယမ်းခမ်း)ကျောင်း Quarantine Center များတွင် အသွားအလာကန့်သတ်မှု ၁၄ ရက် ထားရှိကြောင်း သိရသည်။
Oct 05,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ် နှင့် ၈၅ နှစ်အောက် သက်ကြီးဘိုးဘွားများအတွက် ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်းသိရသည်။
Oct 05,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန တွန်းဇံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ယနေ့ နံနက်(၉)နာရီအချိန်က (၅)နှစ်အောက် ကလေးများအား ပုံပှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။