ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအား လေ့ကျင့်သင်ကြားပေးမှုသင်တန်းကို မိုင်းကိုင် မြို့မရဲစခန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်က ဦးဆောင်၍ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ သင်တန်းများလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပြည်ထောင်စု လမ်းမကြီး၊ လူသွားလူလာများ သည့် လမ်းဆုံနေရာများ၌ ယ‌နေ့နံနက် ၉ နာရီ အချိန်ခန့်က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ ၊ ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင်ကျောင်းသို့ တစ်ပိုင်တစ်နိုင် ရိက္ခာဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က သွားရောက်လှူဒါန်းပေးခဲ့သည်။
Oct 05,2020
မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့ရှိ စျေးများ၊ မြို့လယ်ဘုရားအဝိုင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၇)နာရီက ဖြန့်ဝေပေးခဲ့‌‌သည်။
Oct 05,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၆) နာရီအချိန်က နေရပ်ပြန်ပြည်သူ(၃)ဉီးအား ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
Oct 05,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နှင့် မိုင်(၂၀)ကျော်အကွာ ပူတာအို-မချမ်းဘော့-နောင်မွန် ကားလမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက မြေကမ်းပါးပြိုကျပြီး သစ်ပင်များလဲကျခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဟာဓါတ်အားလိုင်းပြင်ပ ဆိုလာမီးဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တို ဘာလ ၄ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)တွင် ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေးအတွက် ရေပိုက်လိုင်းများသွယ်တန်းခြင်းကို မြို့ရုံးစည်ပင်သာယာရေး ဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။