ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 16,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မချမ်းဘော့မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေံနံနက် ၉ နာရီအချိန်က မချမ်းဘော့မြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
Oct 16,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများကို ပြည်သူများကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပန်နန်းဒင်မြို့ရုံးရှိ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ယနေ့နံနက်(၉)အချိန်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
မင်းတပ်ခရိုင်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတပ်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 16,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာအမှတ်- ၃၀၇၂၃ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Oct 16,2020
ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၃)ရပ်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျက်ရှိကြောင်း ကန်ပက်လက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
Oct 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် (၇) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Oct 16,2020
ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်းဝင်ရောက်မည့် ကုန်စည်ကားမောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိစစ်ဆေးလျက်ရှိသည့် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီကျန်းမာရေးစစ်ဆေးရေးအဖွဲ့သို့PPE ဝတ်စုံ(၃၃) စုံကိုအလှူရှင်များမှ ယနေ့နံနက်(၁၀)အချိန်တွင် လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 16,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားပြီး စိုက်ပျိုးရေး နည်းပညာလုပ်ငန်းများကို တောင်သူများထံသို့ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်နိုင်ရေး ပိုမိုထိရောက်မှုရှိစေရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်း အောင်မြင်မှု ရရှိစေရန်အတွက် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမတွင် ပို့ချခဲ့ကြောင်း သိရသည်။