ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့် အပ်လွှာပေးအပ်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 20,2020
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇)ကြာ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။
Oct 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချီဖွေမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2020
မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
Oct 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်(HPV) ကာကွယ်ဆေးထည့် သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု မုဒုံ(၂) ကျေးရွာရှိ အလက-မုဒုံ(၂)ကျောင်းဆောင်မှာ ယခုလ (၁၆) ရက်ည (၁၀) နာရီအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်။
Oct 19,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးအကြောင်းအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 19,2020
ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနားကို တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။