ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 15,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှု၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လယ်ယာမြေပိုင်ရှင်များပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေး တည်ဆောက်ရန် မြေနေရာ ရရှိရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 15,2020
မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး EITI တင်း ပြည့်အဖွဲ့၀င် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် EITI စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် အစိုးရ၊ ပုဂ္ဂလိက ကုမ္ပဏီ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါ၀င်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတ နှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ၀န်ကြီး ဦးဒါရှီလဆိုင်း ဦးဆောင်သည့် ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU) နှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့မရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ သုံးနှစ်သား ကော်ဖီပျိုးပင်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
Oct 15,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသော အထူးရဲသင်တန်းသားများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်မှ သွားရောက်အားပေး အမှာစကား ပြောကြားခဲ့သည်။
Oct 14,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ပေးမည့် အထူးရဲများအား Rapid Test ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် (၈) နာရီခွဲအချိန်တွင် စစ်ဆေးပေးလျက် ရှိသည်။
Oct 14,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မင်းတပ်မြို့ရှိ စျေးဆိုင်များတွင် အခြေခံ စားသောက်ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 14,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့သည်။
Oct 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ရောင်းချနေသော ကုန်စုံဆိုင်များ၌ ရက်လွန်စားသောက်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်ခဲ့သည်။