ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 16,2020
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော နယ်စွန်နယ်ဖျား ကျေးရွာများရှိ အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆိုလာပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။
Oct 16,2020
မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စိစစ်ဆောင်ရွက် လျက်ရှိသည်။
Oct 16,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မင်္ဂလာရွှေကျောင်းတော် ကျောင်းဝင်း အတွင်း၌ Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုကာလ (၁၄) ရက် ပြည့်သူတစ်ဦးကို
Oct 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်လက်မှတ် ရောက်ရှိမှုများကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စစ်ဆေးခဲ့ကြသည်။
Oct 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ၌ တာဝန်ရှိသူများက(CERP)အစီအစဉ်ဖြင့်ဆောင်ရွက်သောမိုးစပါးမျိုးစေ့ထုတ် တောင်သူဦးအိုက်ပြန့် စံပြစိုက်ကွက်၏ အထွက်တိုးနှုန်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၅)နှစ်အောက် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းနှင့် ဆေးထိုးခြင်း တို့ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်‌ပေးသည်။
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် စာစောင်များကိုကွတ်ခိုင်မြို့၊ အလက(၃)ကျောင်းရှေ့(လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေး)ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြသထားသည်။
Oct 15,2020
မင်းတပ်ခရိုင်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား သင်တန်းပို့ချ နိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။