ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချီဖွေမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2020
မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
Oct 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်(HPV) ကာကွယ်ဆေးထည့် သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု မုဒုံ(၂) ကျေးရွာရှိ အလက-မုဒုံ(၂)ကျောင်းဆောင်မှာ ယခုလ (၁၆) ရက်ည (၁၀) နာရီအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်။
Oct 19,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးအကြောင်းအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 19,2020
ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနားကို တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Oct 19,2020
မင်းတပ်ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားသည်။
Oct 19,2020
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။