ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 24,2020
မင်းတပ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံဖြင့် ကျင်းပမည်ဖြစ်ရာ တယ်လီဖုန်းလိုင်းမရသည့် မဲရုံ(၂၅)ရုံအတွက် လက်ကိုင် စကားပြောစက် (၂၅)လုံး ထားရှိသွားမည် ဖြစ်သည်။
Oct 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ နားပြိန်းကျေးရွာအုပ်စု၊ နာပြိန်းကျေးရွာ မီးလင်းရေးဆောင်ရွက်ပေးလျက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ယမန်နေ့ကစ၍ နားပြိန်းကျေးရွာ မီးလင်းပြီ ဖြစ်ကြောင်း သိရသည်။
Oct 24,2020
တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးကြီးသိန်းထူး ဦးစီးပြီး အရာရှိများ၊ စစ်သည်များသည် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးငြိမ်းသုခ ဓမ္မရိပ်သာကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 24,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်တံတားကြီး၌ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီက ရေး-ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွား‌လာနေသော ကုန်တင်ယာဉ် များ ပေါ်တွင် သတ်မှတ်ထားသော လူဦးရေထက်အပိုတင်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေ ကျပ်တစ်သိန်းကို မြို့နယ် သံဃနာယကအဖွဲ့ မိုင်းဟန်ဆရာတော် ဘဒ္ဒန္တဇဋိလက ၄၃ နှစ်ပြည့် မွေးနေ့အလှူအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ပေးအပ်လှူဒါန်းသည်။
Oct 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားနေရာဖြစ်သည့် ဟိုခုံလမ်းဆုံနှင့် နှင်းဆီလမ်းဆုံတို့တွင် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများတို့က ယနေ့နံနက်(၇)နာရီအချိန်ခန့်က ယာယီပျံကျဈေးနှင့် ကာလိမြို့ပေါ်ဆိုင်များတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အောက်တိုဘာလ(၂၀)ရက်နေ့မှစ၍ မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် တဝမ်ချောင်းရေမြင့်တက်လာပြီး နမ္မတီး-တနိုင်း-ပန်ဆောင် သွားလမ်းတွင် လမ်းသားများ ရေတိုက်စားမှုဖြစ်ပွားလျက်ရှိကြောင်းသိရှိရသဖြင့် အဆိုပါနေရာများတွင် ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ အချိန်မှီဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် သက်ဆိုင်တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။