ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 27,2020
မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်ပြီးသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။
Oct 27,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဗန်ဇအုပ် နှင့် ဝန်ထမ်းများသည် ပြည်သူများ သောက်သုံးရေ လွယ်ကူစွာ ပိုမိုရရှိနိုင်ရေးနှင့် ပြတ်လပ်မှု မရှိစေရေး အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေပိုက်လိုင်းအသစ်တူးဖော်ခြင်း၊ ပိုက်ဆက်လုပ်ငန်း၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 27,2020
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်မြို့မ(၁)ရပ်ကွက်ရှိမုဒုံကြီးလူငယ်ရိပ်သာစာကြည့်တိုက်အတွက်မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှယနေ့နံနက်(၁၀)နာရီခန့်ကစာအုပ် စင်နှင့်စာအုပ်များပေးအပ်လှူဒါန်းသည်။
Oct 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရစ်လောခေါင်ရပ်ကွက် တောင်သူ ဦးဒေါင်ဒိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော မိုးစပါး နယူးဧရာ-၁ အထူးအထွက်တိုး စိုက်နည်းစနစ် စံပြစိုက်ခင်း ရိတ်သိမ်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 27,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ နံနက်က လူစည်းကားရာနေရာများဖြစ်သော လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများကို ယခု ဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။
Oct 27,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါး၊တားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show” ကိုကျင်းပပြုလုပ် ခဲ့သည်။
Oct 27,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာ ၁၂ ရွာကို ရှစ်ယူနစ်ဖြင့် တစ်ယူနစ်လျှင်
Oct 27,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ရောဂါအကြောင်း အသိပညာ ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီခန့်က နောင်မွန်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။