တောင်ငူ အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်အမှတ် (၁၉/၅၃၂)၌ ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂+၂၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးနှင့် ပရဟိတအသင်းအဖွဲ့များမှ အဖွဲ့ဝင် (၂၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် (၁၅ × ၄၀)ပေ သွပ်မိုးအုတ်ညှပ် (၂)ထပ် နေအိမ်အပေါ်ထပ် မီးအနည်းငယ်လောင်ခဲ့ကြောင်းနှင့် မီးပေါ့ဆသူ ဒေါ်ဆန်းယဥ်မြင့် (ဘ) ဦးလှမြင့် တောင်ငူမြို့အမှတ် (၁) ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း၊ လူနှင့်တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)
Copyright 2020